Wednesday 13 November 2013

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...  အခုတစ်ခါ သူငယ်ချင်းများအတွက် မျှဝေပေးမယ့် နည်းပညာလေးတစ်ခု ကတော့ Samsung Galaxy y S5360  မှာ Orgainal CWM ( ROM ) အသုံးပြုရတာ ရိုးနေပြီဖြစ်တဲ့ သူငယ်ချင်းတွေအတွက် Samsung Galaxy S4 ရဲ့ CWM ( ROM ) ပြောင်းနည်းလဲ အသုံးပြုနည်းလေး ပဲဖြစ်ပါတယ်။ ပြောင်းလဲပြီးတော့ အသုံးပြုချင်ရင်တော့...လို အပ်တဲ့ ဆော့ဝဲလ်တွေကို အရင်ဆုံး Download ရယူပါ။

CWM ( ROM ) Zip
Download ရယူပါ။

Evolution-x4.zip
Download ရယူပါ။

Evo-x-4.1.0_4.2.0.zip
Download ရယူပါ။

Root.zip
Download ရယူပါ။

လိုအပ်သည်များကို အားလုံး Download ပြုလုပ်ပြီးပါက မိမိဖုန်းထဲသို့ ထည့်ပါ။ မိမိဖုန်းထဲမှ လိုအပ်သည်များ မလိုအပ်သည်များကိုတော့ ဦးစွာသိမ်းဆည်းသင့်တာ သိမ်းဆည်းပြီး ဖျက်သင့်တာ ဖျက်ထားပါ။ Download ပြုလုပ်ထားသော Files လေးဖိုင်ကို ဖုန်းအတွင်း SD Card ၏ မြင်သာ သည့်နေရာ၌ ထည့်ထားပေးပါ။ SD Card ထဲသို့ Download ပြုလုပ်ထားသော Files များထည့်ပြီးပါက ဖုန်းကို Restart ပြုလုပ်ပါ။ ထို့နောက် ဖုန်းမှ Home key + Volume Up key + Power key ထို key သုံးခုစလုံးကို တစ်ပြိုင်နက် ဖိနှိပ်ပေးပါ။

ပုံတွင်မြင်တွင်ရသော key များဖြစ်ပါသည်။



Samsung Galaxy y S5360 ဟု စာသားတက်လာပါက နှိပ်ထားသော Bottom များကို လွှတ်လိုက်ပါ။ Power တက်လာပါလိမ့်မယ်။ ခေတ္တစောင့်ပါ။ Power တက်သောအခါ...

ယခုမြင်တွေ့ရသောပုံဖြစ်နေပါမယ်

ပုံ ( ၁ )


ထို့နောက် ပုံတွင်မြင်တွေ့ရသော တတိယမြောက်အကြောင်း Wipe data/factory reset ကို နှိပ်ပြီး အထဲတွင်ပါဝင်သော Yes Delete all user ကိုနှိပ်ပေးပါ။

ပုံ ( ၂ )


ပုံ ( ၃ )


 ပြီးနောက်...ပုံတွင်မြင်တွေ့ရသော wipe cache partition ကို နှိပ်ပေးပါ။

ပုံ ( ၄ )


ထို့နောက် apply update from sdcar ကိုနှိပ်ပေးပါ။ Download ပြုလုပ်ထားသော Files လေးဖိုင်ကို မည်သည့်နေရာတွင်ထားသနည်း။ တစ်ဦးနဲ့တစ်ဦး ထားပုံချင်မတူပါဘူး။ အခုကဲ့သို့ ထင်ရှားမြင်သာ သည့်နေရာတွင် ထားစေချင်ပါတယ်။ Download ပြုလုပ်ထားသော Files များကို မြင်တွေ့နေရပါသည်။

ပုံ ( ၅ )


ထိုမှ CWM.zip File ကို အရင်ဦးဆုံး Install ပြုလုပ်ပါ။ ထို့နောက် Evolution-x4.zip File ကို Install ပြုလုပ်ပါ။ ပြီးနောက် Evo-x-4.1.0.4.2.0.zip File ကို Install ပြုလုပ်ပါ။ နောက်ဆုံး Root.zip File ကို Install ပြုလုပ်ပါ။ Install ပြုလုပ်ခြင်းများကို Volume key အပေါ်အောက်ဖြင့်ရွေး ချယ်၍ Home key ဖြင့်ပြုလုပ်ရမှာဖြစ်ပါတယ်။ အားလုံးပြီးဆုံးသွားတယ်ဆိုရင်တော့....

Reboot System Now ကို နှိပ်ပေးလိုက်ပါ။ 


Rebooting ပြုလုပ်နေပါလိမ့်မည် ခေတ္တစောင့်ပါ။ Restart ကျသွားပါလိမ့်မယ် ခေတ္တစောင့်ဆိုင်းပါ။ Auto Power ပြန်တက်လာပါလိမ့်မယ်။ မိမိ ဖုန်း Power ပြန်တက်လာပါက ဖုန်းတွင် Android Jelly Bean 4.3 ပြောင်းလဲနေမနေကြည့်ပါ။ မပြောင်းလဲနေပါက ဖုန်းကို Restart ပြုလုပ်ခါ  Home key+ Volume Up key + Power key ထို key သုံးခုစလုံးပြိုင်တူပြန်လည်ဖိနှိပ်၍ သုံးဆင့်မြှောက်တွင် Install ပြုလုပ်ခဲ့သော  Evo-x-4.1.0.4.2.0.zip File ကို Install ပြန်လည်ပြုလုပ်ပြီး Reboot System Now ပြန်လည်နှိပ်ပေးလိုက် ပါ Restart ကျသွားပါလိမ့်မယ် ခေတ္တစောင့်ဆိုင်းပါ။ Auto Power ပြန်တက် လာပါလိမ့်မယ်။ မိမိ ဖုန်း Power ပြန်တက်လာပါက ဖုန်းတွင် Android Jelly Bean 4.3 CWM ( ROM ) ပြောင်းလဲနေမည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။









*Note*
Samsung Galaxy S4 CWM ( ROM ) Android Jelly Bean 4.3 သည် holo launcher ကို အခြေခံထားပါသည်။ ဖုန်းတွင် launcher apk Install ၍ အသုံးပြုခြင်းမဟုတ်ပါ။ Main CWM ( ROM ) ပါ ပြောင်းလဲသွားသည့်အပြင် apk များလည်းပြောင်းလဲသွားခြင်းဖြစ်ပါသည်။ launcher apk Install ၍ အသုံးပြုခြင်းမျိုးထက် များစွာ ဖုန်းပေါ့ပါးသည်ကိုတွေ့ရှိရသည်။ မိမိဖုန်းသည် Root ဖောက်ပြီးသားဖြစ်သွားပါလိမ့်မည်။

InternshipTechniques Blog မှ Download လင့်များသည် Download တစ်ခါတည်းပြုလုပ်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။

သူငယ်ချင်းများအားလုံးပဲ အဆင်ပြေချောမွေ့နိုင်ကြပါစေ...InternshipTechniques 100% Safe Working @

0 comments:

Post a Comment

Free Download Full Version Softwares, Crack, Keygen, Serials Number, Patch | Download D-Link |