Tuesday 5 November 2013



မင်္ဂလာပါ။ လေ့လာတွေ့ရှိသမျှ နည်းပညာများကို ကိုယ်တိုင်ဖန်တီးခြင်းဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် အများသိစေရန်ရည်ရွယ်၍ InternshipTechniques ဆိုတဲ့ Blog တစ်ခုဖြင့် တည်ဆောက်ကာ ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ လေ့လာသူများအနေဖြင့်လည်း ၁၀၀% အတိအကျ Safe ဖြစ်စေရန် အထူးကြိုးစားပြီး လုပ်ဆောင်ပေးသွားမှာပါ။

အခု ပထမဦးဆုံး Techniques Post တစ်ခုအဖြစ် အခုအချိန်ကာလ windows 8 ခေတ်ပါ ထို့ကြောင့် windows 8 တင်နည်းကို မျှဝေပေးသွားမှာပါ။

ကျွန်တော်တို့ Windows 8 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ Windows 8 တင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံးဝ ၁၀၀% Safe ဖြစ်မယ်လို့ အာမခံပါတယ်။ Windows 8 ကိုဘယ်လို တင်မလဲဆိုတာကို ကြည့်ရအောင်။


Windows 8 ကို တင်ရအောင်။

Windows 8 တင်ဖို့အတွက် စက်ထဲသို့ Windows 8 DVD ထည့်ပါ။ ထို့နောက် သင့်ရဲ့ PC ကို Restart ချပါ။ စက်ပြန်တတ်တတ်ချင်း F2 (သို့) Delete ကိုနှိပ် ပြီးရင် First Boot  မှာ သင့်ရဲ့ DVD Drive ကိုထားပါ။ ဒါမှမဟုတ် F12 ကိုနှိပ်ပြီး DVD Drive ကိုရွေးပါ။ပြီးရင်ပုံ  မှာပြထားတဲ့ ပေါ်လာပြီး အဲ့ဒီနေရာမှာ စက္ကန့်အနည်းငယ်ကြပါလိမ့်မည်။



မိနစ် အနည်းငယ်ကြာတဲအခါမှာ ပုံ မှာပြထားတဲ့ အတိုင်းပေါ်လာပြီး ပေါ်လာတဲ့ အထဲမှာ ဘာမှာ
မပြောင်းလဲပဲ Next ကိုနှိပ်ပါ။


Next Button ကိုနှိပ်ပြီး သွားရင် ပုံမှာပြထားတဲ့ အတိုင်း Windows Setup Screen ပေါ်လာပါလိမ့်မယ်။
Install Now ကိုနှိပ်ပါ။


Install Now Button ကိုနှိပ်ပြီးသွားရင် ပုံ  မှာပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ်။ အဲ့ဒီ မှာ Product Key
ကိုထည့်ပြီး Next ကိုနှိပ်ပါ။




ပြီးရင် Microsoft ရဲ့ Software License Agreement Windows ကိုမြင်ရပါလိမ့်မယ်။လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကိုနှိပ်ပါ။


Next ကိုနှိပ်ပြီး သွားရင် ရွေးချယ်စရာ နှစ်ခုကို တွေ့ရပါလိမ့်မယ်။အခု ကျွန်တော်တို့က Windows ကိုလုံးဝ
အသစ်တင်မှာ ဖြစ်တဲ့အတွက် Custom Install Windows Only ( Advanced) ကိုရွေးရမှာဖြစ်ပါတယ်။ (တကယ်လို့ သင်ဟာ အရင် ရှိပြီးသား Windows ပေါ်မှာ ပဲ Windows 8 ကို Install လုပ်မယ်ဆိုရင် Upgrade Install Windows and Keep Files, Setting and applications ကိုရွေးရမှာပါ။


ဘယ် Partition မှာ သွင်းမှာ လဲ ဆိုပြီး ပုံ  မှာပြထားတဲ့ အတိုင်းတွေ့ရပြီ ဆိုရင် သင် Install လုပ်ချင်တဲ့
Partition ကို Click တစ်ချက်နှိပ် ပြီးရင် Drive Options (Advanced) ဆိုတဲ့ စာသားကို Click တစ်ချက်နှိပ် Format ဆိုပြီးတွေ့ရလိမ့်မယ်။ အဲ့ဒီ Format ကိုနှိပ်ပြီး Partition ကို Format လုပ်မှာဖြစ်ပါတယ်။Format ကိုနှိပ်လိုက်ရင် Windows တစ်ခုပေါ်လာပြီး Format တကယ်လုပ်မှာ လို့မေးပါလိမ့်မည်။
(အရေးအကြီးဆုံးအချက်အဖြစ် သင် Format လုပ်တဲ့အခါမှာ Partition တွေမမှာမိစေဖို့ဖြစ်ပါတယ်။



Partition ကို Format လုပ်ပြီးသွားရင် Next ကိုနှိပ်ပါ။ ပုံ  မှာပြထားတဲ့ Windows file တွေကို သင့်ရဲ့ PC မှာတင်နေပါပြီ။ မိနစ်အနည်းတော့ ကြာလိမ့်မည်။


  ထို့နောက် Restart ကျသွားလိမ့်မည်။



Restart ပြန်တတ်လာ တဲ့အခါ ပုံ  မှာပြထားတဲ့ အတိုင်းမြင်ရပြီး။ Restart နောက်တစ်ခါ ကြသွားလိမ့်မည်။


Restart ကနေပြန်တတ်လာတဲ့ အခါ အောက်ပုံတွေမှာ ပြထားတဲ့ အတိုင်း အရောင်ရွေး ၊ နာမည် ပေးပြီး Next ကိုနှိပ်ပါ။နောက်ခု Setting ဆိုပြီးပေါ်လာလိမ့်မယ်။ Use Express Setting ကိုနှိပ်ပါ။



နောက်ပြီး Sign in ဆိုပြီးပေါ်လာလိမ့်မယ်။သင်ရဲ့ email address ကိုထည့်ပါ။ (ကြိုက်တဲ့ Email Address)


ကဲ အောက်မှာ ပြထားတဲ့ ပုံတွေ ထဲကအတိုင်းပေါ်လာရင် သင့်ရဲ့ PC မှာ Windows 8 ကိုသွင်းလို့ပြီးသွားပါပြီ။



Windows 8 Pro ကို Download ရယူလိုပါက ဤနေရာတွင် သွားရောက်၍ Download ရယူနိုင်ပါသည်။
အားလုံးပဲ အဆင်ပြေချော့မွေ့နိုင်ကြပါစေ...InternshipTechniques 100% Safe Working @ 

Ref : Google Photo
Newer Post
Previous
This is the last post.

0 comments:

Post a Comment

Free Download Full Version Softwares, Crack, Keygen, Serials Number, Patch | Download D-Link |